译者按:根据仰光《新时代媒体》发布的最新消息,今天(7月30日)上午,同盟军及其盟军向缅军东北军区司令部发射了多枚火箭弹,其中至少10枚准确击中司令部。司令部周围1.6公里范围内发生了战斗,缅军东北军区司令部已经被封锁包围。
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲသို့ ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးများကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ခဲ့ကြောင်း တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
革命军队的一名消息人士向仰光《新时代媒体》(The Khit Thit News)透露,今天上午(7月30日),位于北掸邦腊戍的东北军区司令部遭到多枚火箭弹袭击,并引发大火。
ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ MNDAA ဦးဆောင်သော တော်လှန် ရေးတပ်များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စတင်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ ယနေ့နံနက်အစောပိုင်းမှစတင်ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားကာ နံနက် ၁၀ နာရီခွဲအချိန် ရှော့တိုက်ဒုံး ၁၀ လုံးထက်မနည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းထဲသို့ ကျရောက် ထိမှန်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးထိမှန်ပြီးနောက် မီးများလောင်ကျွမ်းခဲ့ပြီး မီးခိုးလုံးကြီးများ တက်လာခဲ့ကြောင်း သိရှိရသည်။
自7月29日以来,果敢同盟军领导的革命部队不断加强对东北军区司令部的攻击。今天(7月30日)清晨,战斗升级,上午10:30左右,至少有10枚火箭弹击中了东北军区司令部,引发大火,升起大量浓烟。
“ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ ရမခ တိုင်းရုံးထဲကို ရှော့တိုက်ဒုံးတွေ ၁၀ လုံးလောက် ကျပြီး ပေါက်ကွဲမှုတွေဖြစ်တယ်။ ပစ်တာကတော့ ရှော့တိုက်ဒုံးတွေ အများကြီးပဲ။ အဲဒီအထဲမှာ ၁၀ လုံးက ရမခထဲ ကွက်တိကျရောက်ပေါက်ကွဲတယ်။ ရမခတိုင်းစစ်ဌာနချုပ်ရဲ့ ပင်မအထိုင်ရုံးချုပ်နဲ့ ၁ မိုင် ပတ်လည်အတွင်းမှာ တိုက်ပွဲဖြစ်နေတယ်။ ပတ်ပတ်လည်ကနေ ရမခကို ၀ိုင်းရံ ပိတ်ဆို့ထားတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
一名军方消息人士说:“今天(7月30日)上午10:30 左右,约10火箭弹击中东北军区司令部,并发生爆炸。同盟军发射了多枚火箭弹,其中至少10枚直接击中了司令部。司令部周围1.6公里范围内发生了战斗,司令部已被封锁包围。
MNDAA ဦးဆောင်သော အထူးရဲတပ်ဖွဲ့များကလည်း လားရှိုးမြို့တစ်ခုလုံးတွင် ကင်းလှည့်နေပြီး လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယမန်နေ့တွင် လားရှိုးအကျဉ်းထောင်ကိုလည်း MNDAA တပ်များက ဝင်ရောက် သိမ်းပိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
由果敢同盟军领导的特警部队正在整个腊戍镇巡逻,确保安全。昨天(7月29日),果敢同盟军部队还进入腊戍监狱,并成功控制了腊戌监狱。