被欧盟制裁的克伦边防部队高官称,“能把我们怎么样”(缅译汉)

文摘   2024-10-31 07:31   美国  

 

译者按据克伦信息中心(Karen Information Center)报道,因为缅甸克伦边防部队从事网络赌博、诈骗、人口贩卖、贩毒等犯罪活动,克伦边防部队下属的麒麟棉公司还向缅军提供民族武装的信息,协助缅军轰炸平民,欧盟决定对克伦边防部队的3名高官和其下属的麒麟棉集团公司实施制裁。

 

但被制裁的克伦边防部队高官对此不屑一顾,说“没什么大不了”,“他们能把我们怎么样?”。

 

 

(克伦边防部队负责人苏奇督上校、妙瓦底最大的电诈保护伞)

 

အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

“克伦信息中心”20241030日消息

 

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်းနှင့် BGF ပိုင် ချစ်လင်းမြိုင် (CTM) ကုမ္ပဏီကို ဥရောပသမဂ္ဂ (EU)က ဒဏ်ခတ်ပိတ်ဆို့ကြောင်း ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

昨天(1029),欧盟宣布对克伦邦边防部队的三名最高领导人——苏奇督(Saw Chit Thu)上校、苏木同(Saw Mote Thun)中校、和苏庭温( Saw Tin Win)少将,以及克伦边防部队所属的麒麟棉集团公司(Chit Linn Myaing Group)实施制裁。

 

မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်အပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် အွန်းလိုင်းငွေကြေးလိမ်မှုလုပ်ငန်း၊ မူးယစ်ဆေဝါး၊ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများနှင့် အတင်းအဓမ္မခိုင်းစေမှုများ စသည့် တရားမဝင်လုပ်ငန်း များတွင် BGF ခေါင်းဆောင် ပုဂ္ဂိုလ်များနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့က အကျိုးအမြတ်ယူသည့်အတွက် အီးယူ အနေဖြင့် ယခုလို ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

欧盟的制裁公告公告称,欧盟之所以采取这一制裁措施,是因为克伦边防部队领导人和麒麟棉公司一直从网上金融诈骗、贩毒、跨境人口贩运和强迫劳动等非法活动中获利,尤其是在泰缅边境地区,包括妙瓦底镇(Myawaddy)和水沟谷(Shwe Kokko)等地区。

 

ထို့အပြင် ချစ်လင်းမြိုင်ကုမ္ပဏီသည် စစ်ကောင်စီနှင့် ရင်းနှီးဆက်ဆံမှု နီးကပ်စွာရှိကာ ဥပမာအားဖြင့်- စစ်ကောင် စီကို တော်လှန်နေသည့် တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီထံ သတင်းပေးခြင်းများရှိသလို စစ်တပ်က တပ်သားသစ်စုဆောင်းမှုများနှင့်လည်း ဆက်စပ်မှုရှိသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဆိုသည်။

此外,公告还称,麒麟棉公司与缅军政府关系密切,例如,该公司向缅军政府提供反政府革命组织的信息,以及参与缅军方招募新兵。

 

EUအရေးယူပိတ်ဆို့မှု ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကိစ္စကြီးကြီးမားမားမဟုတ်သလို ကိုယ့်နိုင်ငံအတွင်း နေထိုင် သည့်အတွက် မည်သူမှ လာရောက်အရေးယူ၍မရကြောင်း EU ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲတွင်ပါဝင်သည့် BGF တပ်နယ်-၂ ဗျူဟာမှူးဗိုလ်မှူးစောတင်ဝင်းက ယခုလို တုန့်ပြန်ပြောသည်။

对于欧盟宣布的制裁,被列入制裁名单的克伦边防部队第2营战略行动指挥官苏庭温少将认为,这没什么大不了的,因为他住在缅甸国内,没人能对他采取行动。

 

(克伦边防部队第二区指挥官苏庭温少将)


၎င်းက ကျနော်တို့ဒေသမှာလာပြီး အရေးယူမယ်ဆိုရင် ကျနော်တို့ကလည်း လေးဂွ ကိုင်တာမှမဟုတ်တာ။ အဓိက ကျနော်တို့ကရင်တွေကို တိုက်ခိုက်ချင်လို့ နိုင်ငံကြီးတွေကို သွားပြီးတင်ပြတာ။ နိုင်ငံကြီးတွေမှာလည်း ကာစီနို၊ အွန်လိုင်းကစားတာတွေ အများကြီးရှိတယ်။ ပြောလို့တောင် မကုန်ဘူး။ ဒီဟာက ကိစ္စကြီးကြီးမဟုတ်ဘူး။ အမေရိကန်မှာဆိုရင် ဒီထက်တောင်များတယ်။ တစ်မြို့လုံးရှိတယ်။ ကျနော်တို့ကို ဘယ်လိုလုပ်အရေးယူလို့ ရမလဲ။ သူတို့နိုင်ငံမှာသွားလုပ်တာမှမဟုတ်တာဟု ကေအိုင်စီသို့ ပြောသည်။

苏庭温对克伦信息中心说:“如果他们试图在我们的地区对我们采取行动,我们可不会忍让。他们说我们搞网络赌博,世界大国他们自己也有很多赌场和网络赌博,多得不胜枚举。这没什么大不了的。美国的赌场更多,有的城市整个都是。我们又没在他们的国家这样做,他们能把我们怎么样?”

 

ထို့အပြင် လူကုန်ကူးမှုများနှင့်ပတ်သက်၍ BGF အဖွဲ့အနေဖြင့် တိုက်ဖျက်မှုလုပ်ဆောင်နေသလို ၎င်းတို့ ထိန်းချုပ် သည့် နယ်မြေဒေသထဲတွင် သိရှိပါက လူကုန်ကူးသူများကို ဖမ်းဆီးမှုများလည်း လုပ်ဆောင်လျက်ရှိပြီး လူကုန်ကူး ခံရသူ များကိုလည်း သက်ဆိုင်ရာနိုင်ငံသို့ မကြာခဏ ပြန်လည် ပို့ဆောင်မှုများလုပ်ဆောင်ခြင်း ရှိနေသည်ဟု ဗိုလ်မှူး စောတင်ဝင်းက ဖြည့်စွက်ပြောသည်။

此外,苏庭温少将还补充说,关于人口贩运,克伦边防部队一直在采取打击措施,如果在他们控制的领土内发现人口贩卖者,他们会进行逮捕。克伦边防部队经常将人口贩卖受害者遣送回各自的国家。

 

EUအနေဖြင့် လက်ရှိ ထပ်တိုးထုတ်ပြန်သည့် ထိုလူပုဂ္ဂိုလ် ၃ ဦး အပါအဝင် မြန်မာနိုင်ငံထဲတွင် အလားတူ ဒဏ်ခတ်ပိတ်ဆို့ခံရသည့် လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၆ ဦး အထိရှိလာပြီး အဖွဲ့အစည်းအနေဖြင့် အဖွဲ့ပေါင်း ၂၂ ခု ကိုလည်း အရေးယူထားသည်ဟု ထုတ်ပြန်ချက်ထဲ၌ ပြောဆိုသည်။

欧盟的制裁公告中提到,包括新制裁的3名个人在内,目前缅甸共有106名个人和22个实体受到欧盟的制裁。

 

ထိုအရေးယူသည့် အဖွဲ့အစည်းများကို အကျိုးအမြတ်အတွက် တိုက်ရိုက်ဖြင့်သော်လည်ကောင်း သွယ်ဝိုက်၍ သော်လည်ကောင်း ထောက်ပံ့လုပ်ဆောင်ပေးခြင်းမျိုးကို တားမြစ်ထားပြီး ထိုပုဂ္ဂိုလ်များကိုလည်း အီးယူ ဥရောပ နိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ဆို့ထားသည် အီးယူက ပြောသည်။

欧盟表示,欧盟禁止出于营利动机向受制裁实体提供任何直接或间接支持,并禁止受制裁个人前往欧盟国家。


     (喜欢就请关注)

翻译大傻
一次通过CATTI笔译最高级一级,一次通过UNLPP笔译最高级P3级(文化类);中国翻译协会专家会员,CATTI继续教育讲师,电视台英语新闻节目稿件笔译、审校;美国民间智库战略事务理事会特邀成员。通过翻译,了解世界。
 最新文章