မြို့သစ် (မူကြို) ကျောင်းသင်္ကြန်ပွဲတော်လှုပ်ရှားမှုများ

文摘   2024-04-16 11:35   美国  

မန္တလေးမြို့၊ မြို့သစ် (မူကြို) ကျောင်းသင်္ကြန်ပွဲတော်လှုပ်ရှားမှုများ

ရက်စွဲ။၁၁-၄-၂၀၂၄

မန္တလေးမြို့ ၊ မြို့သစ် (မူကြို)ကျောင်း ၌ နှစ်စဉ် မြန့်မာရိုးရာ ပွဲတော်ကို (၉-၄-၂၀၂၄) ရက်နေ့ နံနက်ပိုင်း ( ၉း၀၀) နာရီအချိန်တွင် သင်္ကြန်ပွဲတော် ကျင်းပခဲ့ပါသည်။ ကျောင်းဝင်းထဲ လျှောက်လမ်း စင်္ကြန်အထက်တွင် သင်္ကြန်ပွဲတော်၏ ပန်းများဖြစ်သော, ပိတောက်ပန်းလေးများကို ပြင်ဆင်ထားသည့် ပုံမှာ သင်္ကြန်၏ အငွေ့အသက်ရသကို ခံစားစေရပါသည်။

သင်္ကြန်ပွဲတော်ကို အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပ ခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီးမှ မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ကျောင်းဥက္ကဌမှ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်သည် မြန်မာ့ရာ တော်ြဖစ်သည့်အညီ ပျော်ရွှင်စရာကောင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ နှစ်သစ်မှာ ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

ဆရာမများမှ ဆရာကြီးများကို ပန်းကုံးများ စွပ်ပေးပြီး အတာသပြေခက်များဖြင့် ဖျန်းပတ်ခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူ များမှ “ အားကိုးမယ်နော် “ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၏ ဓလေ့ထုံးစံနှင့်အညီ ဆရာကြီး ကို ကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာမများက ရိုသေစွာဖြင့် ကန်တော့ခဲ့ပါသည်။

ထို့နောက် မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော် ၏ ရိုးရာအဆင်အလာအရ ဆရာကြီးများမှ နှစ်သစ် ဆုမွန်ကောင်းစကားများ ပြောကြားခဲ့ပါသည်။ ဆရာကြီးမှ နှစ်သစ်အချိန်အခါတွင် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံ၍ စိတ်၏ ချမ်းသာ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည်စုံ၍ပညာတတ်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပါစေကြာင်း ဆုမွန်ကောင်း စကားများပြောကြားခဲ့ပါသည်။

ထို့နောက် ဆရာကြီးများက ကျောင်းသား၊ ကျောင်းသူများကို ငွေဖလားထဲတၑွင် သပြေခက်များဖြင့် ကျန်းမာချမ်းသာစေကြောင်း အတာရေ ဖျန်းပတ်ခဲ့ပါသည်။

အတာသင်္ကြန်ပွဲတော်၏ အစားအစာဖြစ်သော ရွှေရင်အေးများ ဖြင့် ဧည့်ခံပေးပါသည်။

ကျောင်းသား၊ ကျောင်းသူများအား အတာသင်္ကြန်ပွဲတော် အကြောင်းသိကောင်းစရာများကို Power Point  ဖြင့် ရှင်းလင်း ခဲ့ပါသည်။ သင်္ကြန်သီချင်းများဖြင့် ကခုန်ပျော်ရွှင်ခဲ့ပါသည်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် သည် ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်သော ပွဲတော်ဖြစ်သည့်နှင့် အညီ ကျောင်းသား၊ ကျောင်းသူများအာ မြတ်စွာဘုရားအားရေသပ္ပာယ်ခြင်း ပြုလုပ်ပုံကို ကျောင်းသား၊ ကျောင်းသူများအား (၁)ယောက်စီ လက်တွေ့ပြသပြီး မြတ်စွာဘုရားအား ရေသပ္ပာယ်ခဲ့ပါသည်။

ထို့နောက် ဆရာမများနှင့် အတူ ကျောင်းသား၊ ကျောင်းသူများအားလုံး သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဖြင့် ရေကစားခဲ့ပါသည်။

မြန်မာ့အတာနှစ်သစ်ကူးမှစ၍ အားလုံးသော ကမ္ဘာသူ၊ ကမ္ဘာသားများ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာြခင်း ပြည်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

မြို့သစ်( မူကြို) ကျောင်း

Teacher Daw Hnin Hnin Oo


瓦城孔教
曼德勒孔教學校最新動態和校園活動
 最新文章