习近平发表二〇二五年新年贺词(缅文)

学术   2025-01-01 22:28   云南  

习近平二〇二五年新年贺词

သမ္မတရှီကျင့်ဖိန်၏(၂၀၂၅)ခုနှစ်နှစ်သစ်သဝဏ်လွှာ။

နှစ်သစ်ကျရောက်မည့်အချိန်အခါသမယမှာ သမ္မတရှီကျင့်ဖိန်၏နှစ်သစ်သဝဏ်လွှာကို ဗဟိုရုပ်သံနှင့်အင်တာ နက်ကွန်ယက်မှာ ထုတ်လွင့််သွားပါသည်။သဝဏ်လွှာအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။

အားလုံးမဂ်လာပါ။ အချိန်ကူးပြောင်းတာအတော်ကိုမြန်ဆန်လှပါတယ်။ နှစ်သစ်တစ်နှစ် ကျရောက်လာတော့ မည့် အချိန်အခါသမယမှာ ကျနော်အနေနဲ့ပေကျင်းမြို့ကနေ အားလုံးအတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

(၂၀၂၄)ခုနှစ်မှာကျနော်တို့အားလုံး နွေမိုးဆောင်းရာသီများကို ကျော်ဖြတ်ခဲ့ကြပါတယ်။ မိုးတွေလေတွေကြားက ရောင်စုံသက်တန့်တွေကိုမြင်တွေ့ခံစားကြရင်း မတူညီတဲ့အချိန်အခိုက်အတန့်တခုစီကနေ မတူထူးခြားတဲ့နှစ်တစ်နှစ်ကို ကျော်ဖြတ်ခဲ့ကြပါတယ်။ ကောင်းချီသြဘာအမေဋိတ်သံသက်ပြင်းချသံမျာနှင့်အတူ မမေ့ပျောက်နိုင်တဲ့အခိုက်အတန့်များ စွာကို ဖြတ်ကျော်ခဲ့ကြပါတယ်။

ကျနော်တို့မှာတက်ကြွစွာနှင့်ပင် ပြည်တွင်းပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့်ပါလာသောအကျိုးသက်ရောက် မှုများကိုရင်ဆိုင်နိုင်ခဲ့ကြပါတယ်။အဆက်လိုက်ပေါ်လစီ စုပေါင်းသိုင်းကွက်များကိုနင်းရင်း အရည်သွေးမြင့်ဖွံ့ဖြိုးမှုများ ကိုခိုင်မြဲစွာတွန်းတင်နိုင်ခဲ့ပါတယ်။ ကျနော်တို့နိုင်ငံရဲ့စီးပွါးရေးမှာ ပြန်လည်နွေးလာပြီး အားကောင်းတဲ့ဆီသို့ဉီးတည်လာ နိုင်ခဲ့ပါတယ်။ပြည်တွင်းစုစုပေါင်းကုန်ထုတ်လုပ်မှုပမာဏမှာ(၁၃၀)ထရီယံယွမ်းအထိရောက်ရှိနိုင်ခဲ့ပါတယ်။စားနပ်ရိက္ခာထုတ်လုပ်မှုမှာ(၁.၄)ထရီယံယွမ်းအထိထိုးဖေါက်နိုင်ခဲ့ပါတယ်။ တရုတ်ပန်းကန်၌တရုတ်ရိက္ခာ ပိုမိုထည့်ဝင်နိုင်ခဲ့ပြီဖြစ်ပါ တယ်။ဒေသဖွံ့ဖြိုးမှုမှာ ပူးပေါင်းဆောင်ရွက်မှု၊ အင်အားစုစည်းမှု၊ ခေတ်သစ်မြို့ပြနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်မှု၊ ကြိမ်နှုံးတူ တုန်ခါမှု စသည်တို့နှင့််ရောပြွန်းတိုးတက်လာနိုင်ခဲ့ပါတယ်။အစိမ်းရောင်ကာဗွန်နိမ့်ဖွံ့ဖြိုးမှု ပိုမိုနက်ရှိုင်းစွာ တွန်းပို့နိုင်ခဲ့ပြီး သာယာလှပတဲ့ တရုတ်နိုင်ငံပန်းချီကားချပ်ကြီးမှာ တရွေ့ရွေ့ဖြန့်ကားခင်းကျင်းပြသနိုင်ခဲ့ပါတော့တယ်။

ကျနော်တို့ဟာ မတူသောဒေသအလိုက် အရည်အသွေးသစ်ကုန်ထုတ်လုပ်မှုစွမ်းအားကို ပျိုးထောင်လာနိုင်ခဲ့ပါ တယ်။လုပ်ငန်းသစ်ပုံစံသစ်များအပြိုင်အဆိုင် ယှဉ်ပြိုင်ပြီးပေါ်ထွက်လာခဲ့ပါတယ်။ စွမ်းအင်သစ်မော်တော်ကားထုတ်လုပ် မှုပမာဏမှာ ပထမဆုံးအကြိမ်မော်တော်ကားအစီးပေါင်း(၁၀)သန်းကို ထိုးဖေါက်ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ အိုင်စီဆား ကစ်၊အေအိုင်ဉာဏ်ရည်တု၊ကွမ်တမ်ဆက်သွယ်ရေးစသည့်နယ်ပယ်များ၌ အောင်မြင်မှုသစ်များရရှိနိုင်ခဲ့ပါတယ်။ချန်အော် အမှတ်(၆)လဆင်းယဉ်က လ၏ကြောဖက်ခြမ်းမှာ လမြေသားနမူနာကိုယူဆောင်ခဲ့ခြင်း၊စိတ်ကူးယဉ်အမည်ရသမုဒ္ဒရာစူး စမ်းရေးယဉ် သမုဒ္ဒရကြီးကိုစူးစမ်းလေ့လာခြင်း၊ စိန်းကျုံးဆက်သွယ်ရေးလမ်းကြောင်း ပင်လယ်ပြင်ကြီးပေါ် သွယ်သန်း ထားနိုင်ခြင်း၊တောင်ဝင်ရိုးစွန်းချင်လင်သုတေသနစခန်းက ရေခဲပြင်အပေါ်မားမားမတ်မတ်ပေါ်ထွက်လာနိုင်ခြင်း စသည့်် အောင်မြင်မှုများသည် တရုတ်လူမျိုးတို့၏ အာကာသနှင့်ပင်လယ်သမုဒ္ဒရာအပေါ် စူးစမ်းသုတေသနလုပ်လိုသောမြင့်မား တဲ့ဆန္ဒကိုဖေါ်ကျူးနေပါတော့တယ်။

ယခုနှစ်အတွင်း ကျနော်နေရာအတော်များများမှာ ကွင်းဆင်းလေ့လာခဲ့ပါတယ်။လူထုအလွှာအသီးသီးရဲ့ လူနေ မှုပုံစံမျိုးစုံကိုတွေ့ရှိခဲ့ပါတယ်။ ထျန်းစွေအရပ်မှာထွက်တဲ့ဟွာညို ပန်းသီးမျိုးမှာကြီးပြီးနီရဲနေပါတယ်။ တုန်စန်အောက် ကျောင်ကျေးရွာက တံငါလှေပေါ်မှာ ငါးလှိုင်လှိုင်အပြည့်ဖြစ်နေပါတယ်။ ကန်စုပြည်နယ် မိုက်ကျီတောင်ပေါ်ကကျောက် လှိုဏ်ဂူကြီးမှာရှိတဲ့ပြုံးတော်မူကိုယ်တော်လေးပန်းပုလက်ရာမှာ နှစ်ပေါင်းထောင်ချီသမိုင်းရှိခဲ့ပြီဖြစ်ပါတယ်။လျို့ချိ(၆) ပေအကျယ်ဝင်းကြားရဲ့ယဉ်ကျေးသိမ်မွေ့မှုမှာ ခေတ်အဆက်ဆက်ကျော်ကြားလာနိုင်ခဲ့ပါတယ်။ ထျန်းကျင်းကရှေးယဉ် ကျေးမှုစျေးမှာ လူတွေစည်းကားလျက်ရှိနေပါတယ်။ ယင်ချွမ်းမြေကတိုင်းရင်းသား မျိုးစုံအသိုင်းအဝိုင်းကြီးမှာ မိသားစု တ အိမ်သားလုံးအလားချစ်ခင်ရင်းနှီးလျက်ရှိနေပါတယ်။ အားလုံးစိတ်ဝင်စားနေကြတဲ့ -အလုပ်အကိုင်ရရှိကာဝင်ငွေတိုးစေမဲ့ အခွင့်အလမ်း၊ အသက်ကြီးသူနှင့် အသက်အရွယ်မရောက်သူတို့အား အခွင့််အရေးရပိုင်ခွင့်အာမခံကာကွယ်ပေးမှု၊ ပညာရေးဆေးဝါးကုသရေးစတဲ့ပြသနာအားလုံးကို ကျနော်က အမြဲပဲသတိရနေပါတယ်။တနှစ်တာကာလအတောအတွင်း အခြေခံပင်စင်လစာငွေတိုးမြင့်နိုင်ခဲ့ပါပြီ။အိမ်ဝယ်ငွေချေးအတိုးနှုံးကျဆင်းနိုင်ခဲ့ပါပြီ။ တိုက်ရိုက်ပေးချေငွေရှင်းသည့် စနစ် ကြောင့်အခြားဒေသမှာဆေးကုသမှု အဆင်ပြေသွားနိုင်ခဲ့ပါပြီ။ သုံးစွဲမှုပစ္စည်း အဟောင်းဖြင့်အသစ်လဲတဲ့စနစ်ကြောင့် လူနေမှုအရည်အသွေးမြင့်တင်လာနိုင်ခဲ့ပါပြီ။ ....အားလုံးမှာရယူနိုင်ခြင်းကျေနပ်မှုများတိုးပွါးလာနိုင်ခဲ့ပါတယ်။

ပဲရစ်အိုလုံပစ်အားကစားပွဲတော်မှာ ကျနော်တို့နိုင်ငံရဲ့ အားကစားသမားများဟာ ပြည်ပအားကစားပြိုင်ပွဲအတွက် အကောင်းဆုံးအောင်မြင်မှုများကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ခေတ်သစ်လူငယ်မျိုးဆက်သစ်တို့ရဲ့ နိုးကြားတက်ကြွတဲ့မိမိ ကိုယ်မိမိယုံကြည်မှုရောင်ခြည်သန်းနိုင်ခဲ့ပါတယ်။ ရေတပ် ၊လေတပ်တို့က(၇၅)နှစ်ပြည့်မွေးနေ့ကို ကျင်းပနိုင်ခဲ့ပါတယ်။ ပြည်သူ့တပမတော်သားတို့ရဲ့သစ်လွင်တဲ့မျက်နှာသစ်ကိုပေါ်လွင်စေနိုင်ခဲ့ပါတယ်။ ရေဘေး၊ တိုက်ဖုန်းမုန်တိုင်းစတဲ့သဘာ ဝဘေးဒုက္ခကျရောက်တဲ့အခါတိုင်း ပါတီဝင်ကေဒါများဟာ ရှေးတန်းနေရာမှာရွပ်ရွပ်ချွံချွံစည်းစည်းလုံးလုံး ဝိုင်းဝန်းကူညီခဲ့ ကြပါတယ်။မရေမတွက်နိုင်တဲ့လုပ်သားများ၊ တည်ဆောက်ရေးသမားများ၊ စွန်းဉီးတီထွင်သူများ၊ရှေ့ဆုံးနေရာကနေ တိုက် ပွဲဝင်ကြိုးပမ်းနေကြပါတယ်။ ကျနော်အနေနဲ့ နိုင်ငံတော်ဂုဏ်ထူးဆောင်ဘွဲ့ရသူများကို ဘွဲ့တံဆိပ်ချီးမြင့်ပေးခဲ့ပါတယ်။ နိုင်ငံတော်ဂုဏ်များဟာ သူတို့နဲ့ထိုက်တန်လှပါတယ်။ကြိုးပမ်းဆောင်ရွက်သူအားလုံးနဲ့ထိုက်တန်ပါတယ်။

ယခုမျက်မောက်ကမ္ဘာ့အခြေအနေမှာပြောင်းလဲရှုပ်ထွေးလှပါတယ်။ တရုတ်နိုင်ငံဟာ တာဝန်ယူသည့်နိုင်ငံကြီး ဖြစ်သည်နှင့်အညီ တကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုပြုပြင်ပြောင်းလဲမှုများကို တက်ကြွစွာတွန်းတင်ပေးနေပါတယ်။တကမ္ဘာ လုံးတောင်ဘက်ခြမ်းစည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေနေပါတယ်။ကျနော်တို့အနေနဲ့ BRIစီမံ ကိန်းကို ပိုမိုနက်ရှိုင်းစွာလက်တွေ့ကျစွာ အကောင်အထည်ဖေါ်ဆောင်နေပါတယ်။တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက် မှုဖိုရမ်ကို ပေကျင်းမြို့တော်မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲအစည်းSCO၊ BRICS၊ APEC G20 စတဲ့ဘက်စုံအဖွဲ့အစည်းတွေမှာ တရုတ်ရဲ့အယူအဆရပ်တည်ချက်များကို ထင်ရှားစွာဖေါ်ပြတင်ပြ နိုင်ခဲ့ပါတယ်။ ကမ္ဘာငြိမ်းချမ်းရေးတည်ငြိမ်ရေးအတွက် အပေါင်းလက္ခဏာဆောင်တဲ့စွမ်းအင်မျာကိုထည့််ဝင်နိုင်ခဲ့ပါတယ်။

ကျနော်တို့ဟာတရုတ်ပြည်သစ်ထူထောင်ခဲ့တဲ့(၇၅)နှစ်ပြည့်အခန်းအနားကို ကျင်းပမှာဖြစ်ပါတယ်။တရုတ်ပြည် သူ့သမ္မတနိုင်ငံကြီးမားတဲ့ပြောင်းလဲမှုတွေကို နောက်ကြောင်းပြန်ကြည့်ရမှာဖြစ်ပါတယ်။ နှစ်ပေါင်း(၅၀၀၀)ကျော်သမိုင်း ကြောင်းရှိတဲ့တရုတ်ယဉ်ကျေးမှုကို တခေတ်ပြီးတခေတ်ဆက်ခံလာကြရင်း တရုတ်ဆိုတဲ့စာကလုံးနှစ်လုံးဟာဟိုကျွင်းခေါ်ရှေးဟောင်းကြေးခွက်များရဲ့အောက်ခြေမှာ ရေးသားထွင်းထုနိုင်ခဲ့ပါတယ်။တရုတ်အမျိုးသားတိုင်းရဲ့ရင်တွင်းမှာလည်း စွဲမြဲစွာအမှတ်ထင်ထားနိုင်ခဲ့ပါတယ်။ ပါတီရဲ့(၂၀)ကြိမ်မြောက်ညီလာခံ တတိယအကြိမ်မြောက် အစည်းအဝေးကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ ရှေ့တဆင့်တက်ပြီး ပြုပြင်ပြောင်းလဲမှုကို ပိုမိုနက်ရှိုင်းစွာလုပ်ဆောင်ဖို့ရာ ရှေ့သို့ချီ တက်မဲ့ခရာသံကိုမှုတ်နိုင်ခဲ့ပါတယ်။ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲခြင်းခေတ်ရေစီးကြောင်းမှာ ရှေ့သို့ချီနေပါတယ်။ တ ရုတ်ပုံစံခေတ်မှီတိုးတက်ရေးမှာ တံခါးဖွင့်ပြုပြင်ပြောင်းလဲမှုအပေါ် ပိုမိုကျယ်ပြန့်တဲ့အနာဂါတ်ကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်။

(၂၀၂၅)ခုနှစ်မှာ ကျနော်တို့(၁၄)ကြိမ်မြောက်(၅)နှစ်စီမံကိန်းကိုပြီးပြည့်စုံစွာ အကောင်အထည်ဖေါ်ဆောင်ရမည့် နှစ်ဖြစ်ပါတယ်။ပိုမိုတက်ကြွပြီး လက်တွေ့ကျတဲ့ပေါ်လစီများကို အကောင်အထည်ဖေါ်ဆောင်မှာဖြစ်ပါတယ်။အရည်အ သွေးမြင့်တဲ့ဖွံ့ဖြိုးမှုကိုတစိုက်မတ်မတ်လုပ်ဆောင်ကာ အဆင့်အတန်းမြင့် သိပ္ပံနည်းပညာများဖြင့် စီးပွးရေးလူမှုရေးဖွံ့ဖြိုး မှုရဲ့ကောင်းမွန်တဲ့အလားအလာကောင်းကို ဆက်လက်ထိန်းသိမ်းနေမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေ စီးပွါးရေးလည် ပတ်ရာမှာအခြေအနေအသစ်များနဲ့ရင်ဆိုင်နေရပါတယ်။ ပြင်ပပတ်ဝန်းကျင်မသေချာမှုရဲ့စိန်ခေါ်ခြင်း၊ အဟောင်းအသစ် စွမ်းအင်ကူးပြောင်းရာမှာဖြစ်ပေါ်လာတဲ့ဖိအားများစတာတွေကိုရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့လဲဒါတွေဟာ ကြိုးစားပြီးဖြေ ရှင်းလျှင် ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ကျနော်တိုဟာ အစဉ်အမြဲ လေဒါဏ်မိုးဒါဏ်ကြားမှာ ရှင်သန်ကြီးထွားလာကြတာ ဖြစ်ပါတယ်။အတွေ့အကြုံကြားမှာပဲကြီးထွားလာကြတာဖြစ်ပါတယ်။အားလုံးအနေနဲ့ယုံကြည်မှုအပြည့်ရှိဖို့လိုပါတယ်။

အိမ်တွင်းရေး၊နိုင်ငံအရေး ၊လောကမှာအရေးကိစ္စပေါင်းစုံကြားမှာ ပြည်သူလူထုသာယာဝပြောတဲ့လူနေမှုဘဝရရှိ ရေးသာလျှင် အရေးအကြီးဆုံးအရေးကိစ္စဖြစ်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းကလေးတွေကို ကောင်းမွန်တဲ့ပညာရေးရရှိလို ကြတယ်။ လူကြီးများအား ကောင်းမွန်တဲ့အငြိမ်းစားဝန်ဆောင်မှုကို ရယူလိုကြပါတယ်။လူငယ်တွေအနေနဲ့လဲပိုမိုဖွံ့ဖြိုးတိုး တက်တဲ့အခွင့််အလမ်းများကိုရယူလိုကြပါတယ်။ ဒါတွေအားလုံးမှာသာယာဝပြောတဲ့ ဘဝကိုမျှော်ကိုးတဲ့ ရိုးစင်းတဲ့လိုအင် ဆန္ဒတွေဖြစ်ကြပါတယ်။ကျနော်တို့အတူတကွကြိုးစားကြပါမယ်။စဉ်ဆက်မပြတ်လူနေမှုတည်ဆောက်ရေးနဲ့စီမံခန့်ခွဲမှုအဆင့်အတန်းကိုမြင့်တင်နေမှာဖြစ်ပါတယ်။ သမမျှတပြီး အလုံးစုံလက်ခံပါဝင်နိုင်မဲ့ ပတ်ဝန်းကျင်ကောင်းကိုဆက်လက်ဖန် တီးတည်ဆောက်နေမှာဖြစ်ပါတယ်။ပြည်သူလူထုရဲ့ကိစ္စအဝဝကို အကောင်းဆုံးဖြေရှင်းပေးပြီး အားလုံးရဲ့အပြုံးမျက်နှာ ပိုများအောင်၊ရင်ထဲမှာပိုမိုနွေးထွေးအောင် ကြိုးပမ်းဆောင်ရွက်နေမှာဖြစ်ပါတယ်။

မာကာအိုအမိနိုင်ငံသို့ပြန်လည်ဝင်ရောက်ခြင်း(၂၅)နှစ်ပြည့်ခဲ့ပါပြီ။ကျနော်ဟောင်ကျန်းမြစ်နံဘေးကိုရောက်သွားပါတယ်။ဖွံ့ဖြိုးမှုအသစ်ပြောင်းလဲမှုအသစ်များကို မြင်တွေ့ရတော့ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျနော်တို့မှာတနိုင်ငံစနစ် နှစ်မျိုးONE COUNTRY TWO SYSTEMပေါ်လစီကို တစိုက်မတ်မတ်ကျင့်သုံးနေမှာဖြစ်ပါတယ်။ဟောင်ကောင်၊မကာအို ရေရှည်စည်ပင်သာယာဖွံ့ဖြိုးတိုးတက်တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပါတယ်။ ရေလက်ကြားနှစ်ဖက် စလုံးမှာအိမ်သားချင်းဖြစ်ကြပါတယ်။ကျနော်တို့ရဲ့သွေးသားတော်စပ်တဲ့သံယောဇဉ်ကို မည်သူတဉီးတယောက်မှ ဖျက်ဆီး လို့မရနိုင်ပါ။တရုတ်အမိနိုင်ငံတော်ပြန်လည်ပေါင်းစည်းရေးဟူတဲ့ သမိုင်းစီးကြောင်းလားရာဖက်ကို  မည်သူမှတားဆီး၍ မရနိုင်ပါ။

ကမ္ဘာနှစ်တစ်ရာအပြောင်းအလဲကြီးမှာ အရှိန်အဟုန်မြင့်တိုးတက်ပြောင်းလဲနေပါတယ်။ ပိုမိုကြီးမားတဲ့သဘော ထားရင်ခွင်မျိုးဖြင့် ပြသနာပဋိပက္ခများကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။နက်ရှိုင်းတဲ့သံယောဇဉ်ဖြင့် လူသားကံကြမ္မာတူ အသိုင်းအဝိုင်းကိုဂရုစိုက်ဆောက်တည်ကြရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နိုင်ငံအသီးသီးများနဲ့အတူ ချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်မှုကိုအကောင်အထည်ဖေါ်ဆောင်သူ၊ယဉ်ကျေးမှုအပြန်အလှန်အတူယူဖလှယ်မှုကို တွန်းပို့ပေးသူ၊ လူ သားကံကြမ္မာတူအသိုင်းအဝိုင်းဆောက်တည်မှု၌ပါဝင်သူအနေဖြင့် လုပ်ဆောင်ရန်ဆန္ဒရှိနေပြီး သာယာဝပြောတဲ့ကမ္ဘာ့ အနာဂါတ်ကိုအတူတကွဆောက်တည်ကြမှာဖြစ်ပါတယ်။

အိပ်မက်ကဝေးသော်လည်း ပြေးလိုက်လျှင်ရောက်နိုင်ပါတယ်။ ဆန္ဒကခက်ခဲသော်လည်း ဆက်လက်ကြိုးပမ်း လျှင်အေကာင်အထည်ပေါ်နိုင်ပါတယ်။တရုတ်ပုံစံခေတ်မှီရေးချီတက်ရာမှာ လူတိုင်းလူတိုင်းမှာအဓိကဇာတ်ကောင် ဖြစ်ပါ တယ်။ပေးဆပ်မှုတိုင်းမှာ တန်ဖိုးရှိနေပြီး အလင်းတန်းတိုင်းမှာ တောက်ပြောင်နေပါတယ်။

တောတောင်ရေမြေလှပနေပါတယ်။ ကြယ်ရောင်များအိမ်တိုင်းအပေါ်ကျရောက်နေပါတယ်။ ကျနော်တို့အားလုံး မျှော်လင့်ချက်အပြည်နဲ့နှစ်သစ်ကိုကြိုဆိုနေပါမယ်။ အမိနိုင်ငံတော်နှစ်သစ်မှာ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။အားလုံးလိုအင်ဆန္ဒပြည့်ဝပါစေကြောင်း၊ ပျော်ရွှင်မှုအေးချမ်းမှုပြည့်စုံပါစေကြောင်းဆုတောင်းလိုက် ပါတယ်။

胞波在线

国家主席习近平发表二〇二五年新年贺词

新年前夕,国家主席习近平通过中央广播电视总台和互联网,发表了二〇二五年新年贺词。全文如下:

大家好!时间过得很快,新的一年即将到来,我在北京向大家致以美好的祝福!

2024年,我们一起走过春夏秋冬,一道经历风雨彩虹,一个个瞬间定格在这不平凡的一年,令人感慨、难以忘怀。

我们积极应对国内外环境变化带来的影响,出台一系列政策组合拳,扎实推动高质量发展,我国经济回暖向好,国内生产总值预计超过130万亿元。粮食产量突破1.4万亿斤,中国碗装了更多中国粮。区域发展协同联动、积厚成势,新型城镇化和乡村振兴相互融合、同频共振。绿色低碳发展纵深推进,美丽中国画卷徐徐铺展。

我们因地制宜培育新质生产力,新产业新业态新模式竞相涌现,新能源汽车年产量首次突破1000万辆,集成电路、人工智能、量子通信等领域取得新成果。嫦娥六号首次月背采样,梦想号探秘大洋,深中通道踏浪海天,南极秦岭站崛起冰原,展现了中国人逐梦星辰大海的豪情壮志。

今年,我到地方考察,看到大家生活多姿多彩。天水花牛苹果又大又红,东山澳角村渔获满舱。麦积山石窟东方微笑跨越千年,六尺巷礼让家风代代相传。天津古文化街人潮熙攘,银川多民族社区居民亲如一家。对大家关心的就业增收、一老一小、教育医疗等问题,我一直挂念。一年来,基础养老金提高了,房贷利率下调了,直接结算范围扩大方便了异地就医,消费品以旧换新提高了生活品质……大家的获得感又充实了许多。

巴黎奥运赛场上,我国体育健儿奋勇争先,取得境外参赛最好成绩,彰显了青年一代的昂扬向上、自信阳光。海军、空军喜庆75岁生日,人民子弟兵展现新风貌。面对洪涝、台风等自然灾害,广大党员干部冲锋在前,大家众志成城、守望相助。无数劳动者、建设者、创业者,都在为梦想拼搏。我为国家勋章和国家荣誉称号获得者颁奖,光荣属于他们,也属于每一个挺膺担当的奋斗者。

当今世界变乱交织,中国作为负责任大国,积极推动全球治理变革,深化全球南方团结合作。我们推进高质量共建一带一路走深走实,成功举办中非合作论坛北京峰会,在上合、金砖、亚太经合组织、二十国集团等双边多边场合,鲜明提出中国主张,为维护世界和平稳定注入更多正能量。

我们隆重庆祝新中国成立75周年,深情回望共和国的沧桑巨变。从五千多年中华文明的传承中一路走来,中国二字镌刻在何尊底部,更铭刻在每个华夏儿女心中。党的二十届三中全会胜利召开,吹响进一步全面深化改革的号角。我们乘着改革开放的时代大潮阔步前行,中国式现代化必将在改革开放中开辟更加广阔的前景。

2025年,我们将全面完成十四五规划。要实施更加积极有为的政策,聚精会神抓好高质量发展,推动高水平科技自立自强,保持经济社会发展良好势头。当前经济运行面临一些新情况,有外部环境不确定性的挑战,有新旧动能转换的压力,但这些经过努力是可以克服的。我们从来都是在风雨洗礼中成长、在历经考验中壮大,大家要充满信心。

家事国事天下事,让人民过上幸福生活是头等大事。家家户户都盼着孩子能有好的教育,老人能有好的养老服务,年轻人能有更多发展机会。这些朴实的愿望,就是对美好生活的向往。我们要一起努力,不断提升社会建设和治理水平,持续营造和谐包容的氛围,把老百姓身边的大事小情解决好,让大家笑容更多、心里更暖。

在澳门回归祖国25周年之际,我再到濠江之畔,新发展新变化令人欣喜。我们将坚定不移贯彻一国两制方针,保持香港、澳门长期繁荣稳定。两岸同胞一家亲,谁也无法割断我们的血脉亲情,谁也不能阻挡祖国统一的历史大势!

世界百年变局加速演进,需要以宽广胸襟超越隔阂冲突,以博大情怀关照人类命运。中国愿同各国一道,做友好合作的践行者、文明互鉴的推动者、构建人类命运共同体的参与者,共同开创世界的美好未来。

梦虽遥,追则能达;愿虽艰,持则可圆。中国式现代化的新征程上,每一个人都是主角,每一份付出都弥足珍贵,每一束光芒都熠熠生辉。

河山添锦绣,星光映万家。让我们满怀希望,迎接新的一年。祝祖国时和岁丰、繁荣昌盛!祝大家所愿皆所成,多喜乐、长安宁!

***广而告之***
更多消息在胞波网官网
中文版:www.paukphaw.net
            www.paukphaw.cn
缅文版:www.paukphaw.org
               www.paukphaw.com

胞波网
2015年在缅甸创办的中缅文媒体、智库、公益组织,承续中缅“胞波”(同胞兄弟)情谊,促进两国人民的相互了解与理解,服务民间交往与交流。官网: www.paukphaw.net(中文);www.paukphaw.org(缅文မြန်မာစာ)
 最新文章